Programming ဘာသာရပ်တစ်ခုခုကို စတင်လေ့လာမည်ဆိုလျှင်တွေ့ရှိရမည့် အခက်အခဲများ များစွာ ရှိကြပါသည်။ ဘယ်လိုစာအုပ်တွေကို ဝယ်ရမလဲ၊ ဘာတွေဘယ်လိုပြင်ဆင်ရမလဲ၊ ဘာတွေလုပ်လို့ရလဲ အစရှိတဲ့ အကြောင်းအရာတွေဟာ လေ့လာသူတွေကို လွန်စွာမှခေါင်းရှုပ်စေသော အချက်များ ဖြစ်ကြပေသည်။ တစ်ခါတစ်လေ စာအုပ်တွေဝယ်ပြီး ဆက်ပြီး မလုပ်ဖြစ်တာ တွေလည်း များလိမ့်မည်ဟု ထင်ပါသည်။
တစ်ချို့သောစာအုပ်များဆိုလျှင် လွန်စွာမှပြည့်ပြည့်စုံစုံ ရေးသားထားကြသည်။ သို့ပေမယ့် လေ့လာစသူဆိုလျှင် ဖတ်ရင်းနဲ့ ခေါင်းရှုပ်ပြီး လိုရင်းကိုမရောက်ပဲ လမ်းတစ်ဝက်တွင် လမ်းပျောက်သွားတတ်ကြ၏။ လွယ်ကူစွာရေးသားထားသော စာအုပ်များဆိုပြန်လျှင်လည်း အချက်အလက်များက မပြည့်စုံတက်ပေ။ စာဖတ်သူက ဘယ်လိုစာအုပ်မျိုးကို ရွေးချယ်သင့်တယ် လို့ရွေးချယ်ရသည်မှာ လွယ်မယောင်ယောင်နဲ့ လွန်စွာမှခက်ခဲလှပေသည်။
ထို့အပြင်Java ကိုလေ့လာရာ၌ ပိုမို၍ခက်ခဲစေသည့် အချက်များတွင် အောက်ပါအချက်များလည်းပါဝင် ကြပေသည်။
Java Programming Language သည် Object Oriented အတွေးအမြင်များနှင့် လွန်စွာဆက်စပ်နေပါသည်။ အဲ့ဒီအတွက် ကြက်မကြီးနဲ့ကြက်ဥ၊ ဘယ်ဟာက အရင်မွေးတာလည်း ဆိုတဲ့မေးခွန်းလို၊ Java Languageကို အရင်လေ့လာရမလား၊ ဒါမှမဟုတ် Object Oriented အတွေးအခေါ်တွေကို အရင်နားလည်အောင် လေ့လာသင့်သလား ဆိုတဲ့မေးခွန်းမျိုးသည်လည်း လွန်စွာမှဖြေရခက်ခဲလှပါသည်။ အချို့သော ဆရာကြီးများက C ကိုအရင်လေ့လာခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြပါသည်။
ကျွှန်တော်တော့အဲ့ဒီလို မထင်ပါ။ ဘာလို့လဲဆိုတော့ C Programming Expert တိုင်းသည်၊ လှပသော Java Codeတွေကို အမြဲတမ်းရေးနိုင်ကြလိမ့်မည်ဟု အာမခံချက်မရှိသောကြောင့် ဖြစ်ပါသည်။ နောက်ဆုံး C ရဲ့အတွေးအခေါ်တွေက ခေါင်းထဲမှာပြည့်နေပြီး တော်ရုံးနဲ့ Java ကို လက်မခံနိုင်ကြသည်က များမည်ဟုထင်ပါသည်။ အဲ့ဒီအတွက် Java ကိုစလေ့လာရန်အတွက် လက်ရှိ Java ကြောင်းကိုဘယ်လောက်သိပြီးပြီလဲ ဆိုတာကိုသိရှိပြီး ဘယ်လောက်သိပြီး ဘာကိုဆက်လေ့လာရမည် ဆိုသည်ကိုသိထားခြင်းသည် လေ့လာသူတစ်ယောက်အနေနဲ့ လွန်စွာမှ အထောက်အကူပြု ပေလိမ့်မည်။
ဤ java ကို အမြန်ဆုံးလေ့လာနည်းတွင် Java ကိုလုံးဝမသိရှိသူကအစ၊ အနည်းအကျဉ်းလေ့လာမိပေမယ့် Java Programmer လားလို့မေးသောအခါ ဖြေရခက်ခဲနေသောသူများကို ရည်ရွယ်ပြီး၊ Basic, Intermediate, Advance ဆိုပြီအဆင့်၃ဆင့်ခွဲခြားပြီး ရေးသားသွားမည်ဖြစ်သည်။ အဲ့ဒီအတွက် ကိုယ်ကလက်ရှိဘယ်ကို ရောက်နေပြီး ဘာကိုဖတ်ရှုသင့်သည်ဆိုသည်ကို သိရှိစေရန် Road Map တစ်ခုကို ပြင်ဆင်ထားပါသည်။
အဲ့ဒီမေးခွန်းလေးများကို ဖြေကြည့်ပြီး နောက်အခန်းဆက်များကို ဆက်လက်ဖက်ရှုသွားစေလိုပါသည်။
Entrance နဲ့ Basic ကတော့ Java SE Categories တွေကို ဖတ်သွားသင့် ပါတယ်။ Intermediate အထက်ကတော့ Servlet, JSP, Design Patterns နဲ့ Java EE တို့ကို လေ့လာသင့်ပါတယ်။ တစ်ချို့သောစာအုပ်များဆိုလျှင် လွန်စွာမှပြည့်ပြည့်စုံစုံ ရေးသားထားကြသည်။ သို့ပေမယ့် လေ့လာစသူဆိုလျှင် ဖတ်ရင်းနဲ့ ခေါင်းရှုပ်ပြီး လိုရင်းကိုမရောက်ပဲ လမ်းတစ်ဝက်တွင် လမ်းပျောက်သွားတတ်ကြ၏။ လွယ်ကူစွာရေးသားထားသော စာအုပ်များဆိုပြန်လျှင်လည်း အချက်အလက်များက မပြည့်စုံတက်ပေ။ စာဖတ်သူက ဘယ်လိုစာအုပ်မျိုးကို ရွေးချယ်သင့်တယ် လို့ရွေးချယ်ရသည်မှာ လွယ်မယောင်ယောင်နဲ့ လွန်စွာမှခက်ခဲလှပေသည်။
ထို့အပြင်Java ကိုလေ့လာရာ၌ ပိုမို၍ခက်ခဲစေသည့် အချက်များတွင် အောက်ပါအချက်များလည်းပါဝင် ကြပေသည်။
- Data Algorithm
- Java Language
- Object Oriented Programming
Java Programming Language သည် Object Oriented အတွေးအမြင်များနှင့် လွန်စွာဆက်စပ်နေပါသည်။ အဲ့ဒီအတွက် ကြက်မကြီးနဲ့ကြက်ဥ၊ ဘယ်ဟာက အရင်မွေးတာလည်း ဆိုတဲ့မေးခွန်းလို၊ Java Languageကို အရင်လေ့လာရမလား၊ ဒါမှမဟုတ် Object Oriented အတွေးအခေါ်တွေကို အရင်နားလည်အောင် လေ့လာသင့်သလား ဆိုတဲ့မေးခွန်းမျိုးသည်လည်း လွန်စွာမှဖြေရခက်ခဲလှပါသည်။ အချို့သော ဆရာကြီးများက C ကိုအရင်လေ့လာခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြပါသည်။
ကျွှန်တော်တော့အဲ့ဒီလို မထင်ပါ။ ဘာလို့လဲဆိုတော့ C Programming Expert တိုင်းသည်၊ လှပသော Java Codeတွေကို အမြဲတမ်းရေးနိုင်ကြလိမ့်မည်ဟု အာမခံချက်မရှိသောကြောင့် ဖြစ်ပါသည်။ နောက်ဆုံး C ရဲ့အတွေးအခေါ်တွေက ခေါင်းထဲမှာပြည့်နေပြီး တော်ရုံးနဲ့ Java ကို လက်မခံနိုင်ကြသည်က များမည်ဟုထင်ပါသည်။ အဲ့ဒီအတွက် Java ကိုစလေ့လာရန်အတွက် လက်ရှိ Java ကြောင်းကိုဘယ်လောက်သိပြီးပြီလဲ ဆိုတာကိုသိရှိပြီး ဘယ်လောက်သိပြီး ဘာကိုဆက်လေ့လာရမည် ဆိုသည်ကိုသိထားခြင်းသည် လေ့လာသူတစ်ယောက်အနေနဲ့ လွန်စွာမှ အထောက်အကူပြု ပေလိမ့်မည်။
ဤ java ကို အမြန်ဆုံးလေ့လာနည်းတွင် Java ကိုလုံးဝမသိရှိသူကအစ၊ အနည်းအကျဉ်းလေ့လာမိပေမယ့် Java Programmer လားလို့မေးသောအခါ ဖြေရခက်ခဲနေသောသူများကို ရည်ရွယ်ပြီး၊ Basic, Intermediate, Advance ဆိုပြီအဆင့်၃ဆင့်ခွဲခြားပြီး ရေးသားသွားမည်ဖြစ်သည်။ အဲ့ဒီအတွက် ကိုယ်ကလက်ရှိဘယ်ကို ရောက်နေပြီး ဘာကိုဖတ်ရှုသင့်သည်ဆိုသည်ကို သိရှိစေရန် Road Map တစ်ခုကို ပြင်ဆင်ထားပါသည်။
အဲ့ဒီမေးခွန်းလေးများကို ဖြေကြည့်ပြီး နောက်အခန်းဆက်များကို ဆက်လက်ဖက်ရှုသွားစေလိုပါသည်။
Thank
ReplyDeleteWhere can I get Basic 1 & 2 ?
ReplyDeleteDo you mean Basic Database/Programming?
Basic 1 means Java Language Specifications.
ReplyDeleteBasic 2 means Object Oriented Concepts of Java Programming.
very good
ReplyDeleteအကိုရေ
ReplyDeleteRoadmap photo save မရလို့
Road map not available.
ReplyDeleteRoad map picture is not uploaded.
ReplyDelete