August 14, 2013

Java EE Containers

ပုံမှန်အားဖြင့် Thin client Multitier Application များကို ရေးသားရသည်မှာ အလွန်ကို ခက်ခဲလှပါသည်။ အဆိုပါ Application မျိုးများတွင်၊ Transaction များကို Handle လုပ်ခြင်း၊ Resource Pool များအား ရေးသား အသုံးပြုရခြင်း၊ Multithread များအား အသုံးပြုရန် လိုအပ်ခြင်း၊ State များအား Management လုပ်ရန်လိုအပ်ခြင်းနှင့် အခြားသော Low Level API များအား အသုံးပြုရန်လိုအပ်ခြင်းတို့ကြောင့် အဆိုပါ ကုဒ်များအား ကိုယ်တိုင်ရေးသားရမည် ဖြစ်ပါသည်။ Component များအား အခြေခံပြီး၊ Platform မရွေး အလုပ်လုပ်နိုင်သော Java EE architecture အားအသုံးပြုခြင်းအားဖြင့်၊ သင်ရေးသားထားသော Business Logic များအား ပြန်လည်အသုံးပြုနိုင်သော Components များအဖြစ်ပြောင်းလည်းနိုင်ကာ၊ Java EE Application များအား ရေးသားရလွယ်ကူစေပါသည်။ ထို့အပြင် Java EE Server များသည် Components အမျိုးမျိုးတွင် အသုံးပြုနိုင်သော Service များအား Container အနေဖြင့် Supportလုပ်ထားပါသေးသည်။ ထို့ကြောင့် Developer များသည် Low Level Service များအား ကိုယ်တိုင်ရေးသားရန် မလိုအပ်တော့ပါ။ ထို့ကြောင့် မိမိ၏ Business Logic များကိုသာ အဓိကအာရုံစိုက်၍ ရေးသားနိုင်မည် ဖြစ်ပါသည်။


Container Services


Container ဆိုသည်မှာ Java EE Components များနှင့် ၎င်းအတွက်အသုံးဝင်သော Platform ပေါ်ရှိ Function များအကြားရှိ Interface တစ်ခုသာဖြစ်၏။ Container မှပေးသော Service များအား အသုံးပြုနိုင်ရန် အတွက် Java EE Components များဖြစ်ကြသော Web, Client နှင့် Enterprise Bean Components များအား Java EE Module အနေဖြင့် Container အပေါ်တွင် Deploy လုပ်ထားရန် လိုအပ်၏။

Java EE Application Components များနှင့် Application ကိုယ်တိုင်အတွက် Container မှတဆင့် သတ်မှတ်ချက်များအား ပြင်ဆင်ရေးသားထားနိုင်၏။ Security, Transaction Management, JNDI Lookup နှင့် Remote Connectivity အစရှိသော Java EE Server မှ ပံ့ပိုးပေးနေသော Service များအား Container Configuration အား ပြုပြင်ခြင်းအားဖြင့်လည်း Customize လုပ်နိုင်ပါသည်။
  • System Resources များအား ခွင့်ပြုထားသော User ကသာ ဆက်သွယ် အသုံးပြုနိုင်ရန် Java EE Security Model အားအသုံးပြု၍၊ Web Components နှင့် Enterprise Beans များအား Configure လုပ်နိုင်၏။
  • Java EE Transaction Model အား အသုံးပြုခြင်းအားဖြင့် ပတ်သက်မှု့ရှိသော Method များအား Transaction တစ်ခုအတွင်း ထည့်သွင်းနိုင်ပြီး၊ အဆိုပါ Method များအားလုံးအား Single Transaction Unit အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
  • JNDI Loockup Service သည် Java EE Server ပေါ်တွင်ရှိသော Naming နှင့် Directory Service အား Java EE Component များမှတဆင့် Access လုပ်နိုင်သော Interface အား ပံ့ပိုးထားပါသည်။
  • Java EE Remote Connectivity Model သည် Client နှင့် Enterprise Bean တို့အကြားရှိ Low Level Connection တို့အား Manage လုပ်နိုင်အောင် ကူညီပေး၏။ ဥပမာအားဖြင့် Enterprise Bean အား Create လုပ်ပြီးတဲ့နောက်မှာ၊ JVM တစ်ခုထဲမှာ အလုပ်လုပ်နေတဲ့ Client မှတဆင့် Enterprise Bean ၏ Method များအား ခေါ်ယူ အသုံးချနိုင်မည် ဖြစ်သည်။ 
Service များအား Configure လုပ်နိုင်စေရန် Java EE architecture မှ အကူညီပေးနိုင်ခြင်းကြောင့်၊ Java EE Application တစ်ခုအတွင်းရှိ Component တစ်ခုသည် Deploy လုပ်ထားသည့် ပတ်ဝင်းကျင်အပေါ်မှုတည်၍ မတူညီသော လုပ်ဆောင်ချက်များဖြင့် အလုပ်လုပ်စေနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် Enterprise Bean တစ်ခုတွင် Security Setting များအား ရေးသားထားနိုင်ခြင်းကြောင့်၊ ပတ်ဝင်းကျင်တစ်ခုတွင် Database အား Access Level တစ်ခုဖြင့် ဆက်သွယ်နိုင်ပြီး၊ အခြားသော ပတ်ဝင်းကျင်တစ်ခုတွင် သီးခြား Access Level တစ်ခုဖြင့် Database အား Access လုပ်နိုင်မည် ဖြစ်သည်။

အလားတူစွာပင် Java EE Container များသည် Configure လုပ်စရာမလိုသော Services များအားလည်း Manage လုပ်နိုင်ပါသည်။ ၎င်းတို့မှာ Enterprise Bean နှင့် servlet life-cycle, Database Connection နှင့် Resource Pooling, Data Persistence နှင့် အခြားသော Java EE API များ ဖြစ်ကြပါသည်။


Container Types


အောက်ဖော်ပြပါပုံအတိုင်း Deployment Process များဖြင့် Java EE Application တစ်ခုအား Container အပေါ်တွင် Install လုပ်ပါသည်။



  • Java EE Server

    Java EE Products များ၏ Runtime Environment ဖြစ်ပြီး၊ Web Container နှင့် EJB Container တို့အား ပံ့ပိုးပေး၏။
  • EJB Container

    Enterprise Bean များအား Manage လုပ်ပေးသော Container ဖြစ်ပြီး၊ Container ကိုယ်တိုင်ကော Enterprise Bean များပါ Java EE Server ပေါ်တွင် အလုပ်လုပ်၏။
  • Web Container

    Java EE Application ၏ Web Pagesများ၊ Servlet များနှင့် EJB Component အချို့ကို Manage လုပ်နိုင်သော Container ဖြစ်သည်။ Web Components များကော Web Container ကိုယ်တိုင်ပါ Java EE Server ပေါ်တွင် အလုပ်လုပ်ပါသည်။
  • Application Client Container

    Application Client Components များ၏ လုပ်ဆောင်မှု့များအား Manage လုပ်ပေးနိုင်သော Container ဖြစ်ပြီး၊ ၎င်းတို့သည် Client Machine အပေါ်တွင် အလုပ်လုပ်ကြ၏။
  • Applet Container

    Applet များ၏ အလုပ်လုပ်ဆောင်မှု့အား Manage လုပ်ပေးပြီး၊ Client Machine အပေါ်တွင် အလုပ်လုပ်နေသော Browser နှင့် Java Plug-in အတွင်းတွင် တည်ရှိ၏။

 

ကိုးကား

http://docs.oracle.com/javaee/7/tutorial/doc/home.htm

ဆက်ပါဦးမည်။ လေးစားစွာဖြင့်
မင်းလွင်

No comments:

Post a Comment