August 20, 2013

Metadata Management

Deta Modeling ဘာသာရပ်တွင် Data Definition Language ဖြင့် ရေးသားသတ်မှတ်ထားသော အချက်အလက်များနှင့်၊ လက်ရှိ အသုံးပြုနိုင်သော Data များအား ခွဲခြားကြည့်မြင်ပါသည်။ Data Definition Language ဖြင့်သတ်မှတ်ထားသော Data များ၏ ဖွဲ့စည်းပုံကို ဖော်ပြပေးနိုင်သော  အချက်အလက်များအား Schema ဟုခေါ်ဆိုပြီး၊ Metadata ဟုလည်း ခေါ်ဆိုလေ့ရှိပါသည်။

Metadata  သည် Data Definition ၏ အခြေခံ အယူအဆဖြစ်သော Entity Type, Attributes နှင့် Relation များအား ဖော်ပြနိုင်သော Data များဖြစ်ကြပြီး၊ Entity အဖြစ် သိမ်းဆည်းထားသော အချက်အလက်များသည် Data များ ဖြစ်ကြပါသည်။ ထို့ကြောင့် လက်တွေ့ အသုံးပြုနေသော Data များအား မကြာခဏ Update လုပ်မည်ဖြစ်သော်လည်း၊ Database Design နည်းအားဖြင့် ရေးသားထားသော Metadata များမှာမူ တစ်ခါရေးပြီးပါက Data များလောက် Update လုပ်ဖြစ်မည် မဟုတ်ပေ။


Metadata Management


DBMS များ၏ Data Definition Function အား အသုံးပြု၍ ရေးသားထားသော Metadata များအား၊ DBMS ၏ DDL Processor များဖြင့် အလုပ်လုပ်စေကာ၊ DBMS မှ Data များအား Manipulate လုပ်သည့်အခါများတွင် Reference လုပ်ကာ အသုံးပြုပါသည်။ ထို Metadata များအား သိမ်းဆည်းထားသော နေရာအား Repository ဟု ခေါ်ဆိုပါသည်။

Repository အတွင်းရှိ Metadata များအား Management ပြုလုပ်ရန် DBMS မှ ပြင်ဆင်ပေးထားသော Software များနှင့်၊ DBMS အတော်များများတွင် အသုံးပြုနိုင်သည့် အခြားသော အဖွဲ့အစည်းများမှ ရေးသားထားသော Software များအား အသုံးပြုနိုင်ပါသည်။ ဘယ်လို Software ကိုပဲ သုံးသုံး Repository များကိုတော့ Database အတွင်းတွင် တည်ဆောက်ကြသည်က များ၏။

အသုံးပြုသော Software အပေါ်မှုတည်၍ Management ပြုလုပ်နိုင်သော အချက်အလက်များ၏ ပမာဏမှာမူ ကွာခြားတတ်ပါသည်။ Reference လုပ်နိုင်သည့် ပမာဏ အပေါ်မှုတည်၍ Metadata များအား အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

  • System Catalog
  • Data Dictionary
  • Information Resource Repository
  • Repository

MySQL Workbench ကဲ့သို့သော DBMS မှ ထုတ်ပြန်ထားသော Software များမှာမူ System Catalog များအထိ Management လုပ်နိုင်ပြီး၊ Third Party များမှ Support လုပ်ထားသော CASE ကဲ့သို့သော Software များမှာမူ System Catalog အထိ Management လုပ်နိုင်ခြင်း မရှိကြပေ။


Metadata Management အဆင့်များ


Repository တွင်ရှိသော Metadata များနှင့် Data များအကြား ပတ်သက်မှု့ကို အဆင့်ဆင့် Management လုပ်စေသည့်နည်းကို အသုံးပြု၍ Management ပြုလုပ်ပါသည်။ Repository သည် DBMS အတွင်းတွင် Manage လုပ်ထားသော Database များ၏ Metadata များအား Management ပြုလုပ်ရန်၊  ထိုအထက်တွင် Metadata များအား ပြန်လည် အသုံးပြုပါသည်။

အပေါ်ဆုံး  အဆင့်ရှိ Metadata များမှ ကြည့်ပါက၊ ၎င်း၏ အောက်အဆင့်ရှိ Metadata များသည် ၎င်း၏ Data များ ဖြစ်ကြပြီး၊ အောက်အဆင့်ရှိ Metadata မှ ကြည့်ပါက အပေါ်အဆင့်ရှိ data များသည် ၎င်းတို့၏ Metadata များ ဖြစ်ကြပါသည်။


အထက်တွင် ဖော်ပြထားသောပုံသည် ISO/IEC 10027 ဖြစ်သော IRDS (Information Resource Dictionary System) framework အား အခြေခံထားပြီး၊ Metadata ၏ Level အဆင့်ဆင့်အား ဖော်ပြထားပါသည်။ Application Level သည် Application များတွင် အသုံးပြုသော Data များအား Manage လုပ်နေသော Level ဖြစ်ပြီး၊ IRD Level၊ IRD Definition Level နှင့် IRD Definition Schema Level တို့သည်၊ Metadata များအား Manage လုပ်နိုင်သော Level တို့ဖြစ်ကြပါသည်။


ဆက်ပါဦးမည်။ လေးစားစွာဖြင့်
မင်းလွင်

1 comment:

  1. အရမ်းကြိုက်တယ်။သဘောကျတယ်။ရေးထားတာအရမ်းရှင်းလင်းတိကျပါပေတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ရေးသားပေးပါဦးခင်ဗျာ။

    ReplyDelete